အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2020
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် တမူး-မိုးရေး အပြည်ပြည်ဆိုင်ရာဝင်ပေါက်၊ အမှတ်(၁) စစ်ဆေးရေးဂိတ်မှ ယမန်နေ့ နေ့လယ် (၁)နာရီ (၁၀) မိနစ်အချိန်က နေရပ်ပြန် ပြည်သူ (၂၅) ဦး ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
Aug 19,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူ အဆင်‌ပြေချောမွေ့ စေရန် ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ စည်ပင်သာယာ ဘတ်ဂျက်ဖြင့် အမှတ်(၃) ရပ်ကွက် ဗိုလ်ချိန်လမ်း၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌ ကြောင်း သိရ သည်။
Aug 19,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံခြင်း ကို ၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း မွေးဖွားသူ မိန်းကလေးများ အသက် ၉ နှစ်ပြည့်ပြီး မှ ၁၀ နှစ်အထိ မိန်းကလေးများ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်၍ သက်ဆိုင်ရာရပ်ကွက်နှင့် ကျန်းမာရေးဆရာမများထံ စာရင်းပေးကြပါရန် အသိပေး နှိုးဆော်ထားကြောင်း သိရသည်။
Aug 19,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေး ကတ်များအား ယမန်နေ့နံနက်ပိုင်းက ဟန်ဒေါက်ကျေးရွာအုပ်စု၊ ရေသောင်‌ကျေးရွာအုပ်စုနှင့် ပုပိုင်း ကျေးရွာအုပ်စုများသို့ အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 19,2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးအတွက် မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ မကွေးမြို့ပေါ် အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ မွန်လွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 19,2020
အမရပူရမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်း၍ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့် မဲဆန္ဒရှင်များမကျန်ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးကောက်ယူခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်မှစတင်၍ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့သည်။
Aug 19,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုယ်ကာယကျန်းမာရေးနှင့် အားကစား လေ့ကျင့်ခန်းအစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့ အ.ထ.က (၁) ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။