ကရင်ပြည်နယ်

လိပ်သိုဒေသထွက် ကော်ဖီစေ့များ စျေးနှုန်းကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်ပင်ဖြစ်သော ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ ဒေသထွက် ကော်ဖီစေ့များမှာ မိုးရာသီကာလတွင် စျေးနှုန်းကျဆင်းလျက်ရှိနေကြောင်း သိရသည်။

မြဝတီမြို့၊ ရပ်ကွက်(၅)ခုမှ ယာယီနေရပ်စွန့်ခွာသူ (၂၀၄၈)ဦးအား ဆန်အိတ်(၃၅၈)အိတ် ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၅) ခုမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Billboard စိုက်ထူ

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Billboard စိုက်ထူခြင်းကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့အဝင် သံလွင်တံတားထိပ်ရှိ ရတနာဆင်ဖြူတော်လေးစီး ပါဝင်သော ဖားစည်အဝိုင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်စိုက်ထူပေးခဲ့ကြသည်။

မြဝတီမြို့ ရေဘေးသင့်ပြည်သူ (၄၁၁၇) ဦးအား ဆန်အိတ် (၅၅၇) အိတ် ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၅) ခုမှ ရေဘေးသင့်ပြည်သူများအား ဆန်အိတ်များ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်သည်။

ပိုင်ကျုံမြို့ရှိ အခြေခံပညာကျောင်းများ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်နှင့်ဉာဏ်ဏစွမ်းရည်မြှင့်မား‌စေရေးအတွက် ယ‌နေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုရှိ အ-မ-က ထီးဖိုးမယ်ဘောကျောင်းနှင့် မူ(လွန်)မိုးနိုင်းကျောင်းတို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာ‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်း

ဇွန်လ (၁၅)  ရက်နေ့တွင် ကျရောက်မည့်   နှစ် (၃၀) ပြည့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီက ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသွေးလှူဒါန်းပွဲကို  အမှတ်(၄) ရပ်ကွက်၊  ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် စုပေါင်းဆောင်ရွက်သည်။

လိပ်သိုဒေသတွင် ပိန္နဲသီးများ လှိုင်လှိုင်ပေါ်ချိန် လိုက်လံရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိုးရာသီကာလ ပိန္နဲသီးမှည့်များ လှိုင်လှိုင်ထွက်ရှိချိန် ခူးယူပြီး လိုက်လံရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရလျက်ရှိနေကြောင်း သိရသည်။

မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား မော်တော် ယာဉ် နည်းဥပဒေ/ ဥပဒေပါသတ်မှတ်ပြဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိစေရေး အသိပညာပေးစစ်ဆေးဆောင်ရွက်ခြင်းကို ဇွန်လ ၁၁ ရက်နေ့ ညနေ ၃ နာရီက မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဘုရားကြီးဝန်းနှင့် ဘုရင့်နောင်ဈေး မီးပွိုင့်လမ်းဆုံတို့၌ ဆောင်ရွက်သည်။          

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင် ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးခံရသူများ ရရှိနိုင်သောဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ဒေသထွက်ရာသီပေါ်သီးနှံများ ရှာဖွေရောင်းချမှုများမှ မိသားစုစားဝတ်နေရေး အဆင်ပြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများမှ ထွက်ရှိသည့် ဒေသထွက်ရာသီပေါ်သီးနှံများကို ရှာဖွေစားသောက်ရောင်းချနေလျက်ရှိကြသည့် ကြိုးဝိုင်းအနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသနေရွာသူ၊ ရွာသားများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်