လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာ၌ တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် လူငယ်ရေးရာ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
ကရင်ပြည်နယ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် လူငယ်ရေးရာ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။