ကရင်ပြည်နယ်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့၊ ခရီးစဉ်ဒေသများရေရှည်တည်တံ့ရေးနှင့် ခရီးသွားဧည့်သည် ပိုမိုဝင်ရောက်နိုင်ရေး ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အတွင်း ရာသီမရွေးလည်ပတ်သွားလာနိုင်သော ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့ ပတ်ဝန်းကျင်ရှိ ဗုဒ္ဓဂယာခရီးစဉ်ဒေသနှင့်ဣစ္ဆာသယဂူတို့အား လည်ပတ်ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားခဲ့သည်။

ပိုင်ကျုံမြို့တွင် ခြင်ပေါက်ဖွားမှုနှုန်း လျှော့နည်းစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၂) ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များတွင် ခြင်ပေါက်ဖွားမှုနှုန်း လျှော့နည်းစေရေးအတွက် ယနေ့နံနက် ၉း၃၀ နာရီ အချိန်က ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သို​ဒေသတွင် ဘူးပင်စိုက်ပျိုးကာ အသီး/အရွက်များ တစ်နိုင်တစ်ပိုင်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ၌ စိုက်ပျိုးရလွယ်ကူပြီး မိသားစုအပိုဝင်ငွေ ရရှိနိုင်သော ဘူးပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး​ရောင်းချလျက်ရှိနေကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က  ပြိုင်ပွဲများပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကရင်စာပေနှင့်ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲ တက်ရောက်

 ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံရင်းတိုက်နယ်၊ မြို့နယ်အဆင့် (၂)ကြိမ်မြောက် ကရင်စာပေနှင့်ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက လှိုင်ကမ္ဘာကျေးရွာ၊ အောက်ရေတံခွန် တိုက်ကျောင်း၌ ကျင်းပရာ ကျေးရွာ ၂၃ ရွာမှ သင်တန်းသား၊ သင်တန်းသူ၊ နည်းပြ၊ အုပ်ချုပ်သူ စုစုပေါင်း ၈၃၅ ဦး စုပေါင်းသင်တန်းဆင်းခဲ့ကြကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ

ပညာရေးဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” လှုံ့ဆော်မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌  "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လှိုင်းဘွဲမြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ဂေါ်ရခါးသီးများ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအထောက်အကူပြု

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ ယခုအခါ ဂေါ်ရခါးသီးများ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေသတွင် လက်ဖက်စိုက်ပျိုးသူများပိုမိုများပြားလာ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  လက်ဖက်စိုက်ပျိုးခြင်း လုပ်ငန်းသည်လည်း  တစ်ခုအပါအဝင်ဖြစ်ပြီး လက်ဖက် ကိုတစ်နှစ်တာပတ်လုံးအရွက်နုများထွက်ရှိချိန်တွင် လက်ဖက်‌ခြောက်၊ လက်ဖက်စိုများ   ပြုလုပ်ရောင်းချရာတွင် ဈေးကောင်းရရှိသည့်အတွက် ဒေသခံတောင်သူများမှာ  မိမိတို့ ဥယျာဉ် ခြံမြေများ၌  လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်းသိရသည်။
Subscribe to ကရင်ပြည်နယ်