ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၌ ဆရာတော်၊ သံဃာတော်၊ သီလရှင် ၂၆၈၀ ပါးအား ပဲဆွမ်းလောင်းလှူ
ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားပြည်သူများအလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်၌ မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ဆရာတော်၊ သံဃာတော်၊ သီလရှင် ၂၆၈၀ ပါးအား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။