၂၀၂၅ ခုနှစတိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်ယှဉ်ပြိုင်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များသည် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်အားကစား ကွင်း၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(ဂ)ဘားအံဇုန် တတိယပွဲစဉ်အဖြစ် ကရင်ပြည်နယ်ဘောလုံးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။