(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ကဒါ-ကော့တာ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်
၂၀၂၆ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအထွေထွေ ပိုလျှံရန်ပုံငွေကျပ် ၅၉၅ ဒသမ ၆၁၆ သန်းဖြင့် ဘားအံမြို့နယ် ကော့ကဒါ-ကော့တာကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၆ ရက် နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။