ကရင်ပြည်နယ်

ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၉) သို့ တက်ရောက်မည့် သင်တန်းသားများအား အားပေးစကားပြောကြား

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၉) (၁၁/၂၀၂၅) သို့ တက်ရောက်မည့် သင်တန်းသားများအား သင်တန်းကျောင်းသို့ မပို့ဆောင်မီ အားပေးစကားပြောကြားခြင်းနှင့် ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၂၀၁)၊ ခြေမြန်တပ်ရင်း စစ်သည်ခန်းမ၌ ကျင်းပသည်။

ဘားအံမြို့၌(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည်ကျော်(၁၀)ရက်၊ ၂၀၂၅ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ကော့ကရိတ်မြို့တွင်းနေ ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်

‌ကော့ကရိတ်မြို့နယ်အတွင်း ပြန်လည်ဝင်ရောက်လာသော စစ်ဘေးရှောင်မိသားစုဝင်များအား နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက်  ကရင်ပြည်နယ် သာသန့ာနုဂ္ဂဟအသင်းဥက္ကဋ္ဌ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနာယက ဦးစောမုတ်သုန်နှင့် ၇ ရက်သားသမီးများ စုပေါင်း၍  ယမန်နေ့မွန်းလွဲ ၃:၀၀ နာရီက အမှတ်(၃)ရပ်ကွက်၊ ဒေါနခန်းမ၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေပေးအပ်ရာ နယ်မြေခံတပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်  ပြည်သူများ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ကြောင်း သိရသည်။

မြဝတီမြို့၌  နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲတွင်ဆုရရှိသည့် မြဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာယဥ်ကျေးမှု ဒုံးအကအဖွဲ့အား ကြိုဆိုဂုဏ်ပြု

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင်ကျရောက်သည့် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင်ရိုးရာယဥ်ကျေးမှုဒုံးအကပြိုင်ပွဲတွင် ရာဓညာ(ဆုတောင်းစကား) (ပထမ)ဆု နှင့် ဘက်စုံဒုံးအက (တတိယ)ဆုရရှိသည့် မြဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာယဉ်ကျေးမှုဒုံးအက အဖွဲ့ကို ယမန်နေ့မွန်းလွဲ (၂:၀၀) အချိန်၌ ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုးရေးရှင်း လုပ်ငန်းရုံးအရှေ့မှစတင်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအထိ အမှတ် (၁)၊ (၂) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့များဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

ဘားအံမြို့တွင် မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်မိတ်ဆက်

မြန်မာသတင်းမီဒီယာသမားများအတွက်၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ် မိတ်ဆက်ခြင်းအခမ်းအနားကို ဘားအံမြို့ အမှတ် (၄) ရပ်ကွက်၊ သီရိလမ်းရှိ ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနလူထုအ‌ခြေပြုဗဟိုဌာန၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ကျရောက်မည့် ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားနှင့်ကောက်သစ်စားပွဲကို ဘားအံမြို့ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ကျင်းပရေးဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

မြဝတီမြို့တွင် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉‌ ရောဂါထပ်ဆောင်း ကာကွယ်ဆေးအခမဲ့ထိုးနှံ

အိုမီခရွန်ကိုရိုနာဗိုင်းရပ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်ဖြင့်ကိုဗစ်-၁၉‌ ရောဂါထပ်ဆောင်း ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့ပြည်သူ့ဆေးရုံများတွင် ယနေ့နံနက် ၉:၀၀ နာရီအချိန်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေး မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှု မဖြစ်ပေါ်စေ‌ရေးအတွက် ပြန်လည်စစ်ဆေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသော ပြည်သူများ မဲပေးနိုင်ရေး မဲစာရင်းမှန်ကန်စေရေးအတွက်  ပြန်လည်စိစစ် စစ်ဆေးဆောင်ရွက်ခြင်းကို နိုဝင်ဘာ (၁၁) ရက်နေ့ နံနက် (၉) နာရီအချိန်၌  သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်