ကရင်ပြည်နယ်

မြဝတီမြို့၌ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်မည့် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့အောင်နိုင်ရေးအတွက် ဒုံးမြေချပွဲနှင့် သြဝါဒခံယူပွဲအခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့်နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ယဉ်ကျေးမှုဒုံးအကအဖွဲ့၏ ဩဝါဒခံယူပွဲနှင့် ဒုံးမြေချပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကရင်အမျိုးသားထာဝရနှစ်သစ်ကူးကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မြဝတီမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ကျောင်းသား လူငယ်များဗလငါးတန် ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲများ လစဉ်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာဟောပြောပွဲကို ကျင်းပခဲ့သည်။

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို အောက်တိုဘာလ ၂၄ ရက် နံနက် ၈ နာရီက ဘားအံမြို့၊ အုန်းတပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။

ပွင့်လင်းရာသီတွင် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လေ့လာလည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်

ပွင့်လင်းရာသီတွင် ခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ်ဝင်ရောက်လာစေရေး၊ ဒေသတွင်း ခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁၀/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၌ Project Show 2025 ပြပွဲနှင့်ပြိုင်ပွဲကျင်းပ ကျောင်းသား၊ကျောင်းသူများက Project ပေါင်း(၄၇)ခု ပါဝင်ယှဉ်ပြိုင်ပြသ

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ရှိ ကျောင်း သား၊ကျောင်းသူများ၏ နည်းပညာတတ်မြောက်ကျွမ်းကျင်မှုကိုပြသရန်၊ ပရောဂျက် အခြေပြု သင်ယူမှုကိုမြှင့်တင်ရန်၊ Project တည်ဆောက်နိုင်သည့်စွမ်းရည်မြင့်မားစေရန်၊ ပူးပေါင်း ဆောင်ရွက်တက်မှု၊ ခေါင်းဆောင်မှုစွမ်းရည်တိုးတက် စေရန်နှင့် နည်းပညာပြိုင်ဆိုင်မှုရှိ သောနယ်ပယ်တွင်ယှဉ်ပြိုင်နိုင်စေရန်အတွက် Project Show 2025 ပြပွဲနှင့်ပြိုင်ပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ်၌ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက Project ပေါင်း (၄၇)ခုဖြင့် ပါဝင်ယှဉ်ပြိုင်ပြသခဲ့ကြသည်။

လိပ်သိုဒေသထွက် တောင်ပေါ်ကွမ်းကြမ်း အချိန်တစ်ဆယ်လျှင် ကျပ် (၆၀၀၀ဝိ/-) အထိ စျေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် တောင်ပေါ်ကွမ်းကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တွဲဖက်၍ စိုက်ပျိုးထားလျက်ရှိကြရာ ဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများမှာ မိုးရာသီအကုန် ဆောင်းအဝင်ကာလ၌ ဆွတ်ခူးရောင်းချရာတွင် စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုမြို့တွင် ကြက်ပေါင်သီးများပေါ်ချိန် လိုက်လံဆွတ်ခူးရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ကျေးရွာအချို့ရှိ ဥယျာဉ်ခြံများတွင် သဘာ၀အလျောက် အလေ့ကျပေါက်ရောက် ရှင်သန်လျက်ရှိသော  ကြက်ပေါင်သီးများကို ဒေသခံများက  လိုက်လံဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ရာသီပေါ် ပေါ်ဦးပေါ်ဖျား ကြက်ပေါင်သီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ သစ်ပင်၊ ဝါးပင်များသည် သဘာဝအတိုင်း ပေါက်ရောက်လေ့ရှိပြီး ကြက်ပေါင်သီးပင်များသည်လည်း သဘာဝအတိုင်း အလေ့အထပေါက်သည့်အပင်များ ဖြစ်သည်။ ကြက်ပေါင်သီးပင်များသည် ဥယျာဉ်ခြံများနှင့် တောတောင်များတွင်ပေါက်ရောက်ပြီး ယခုအချိန်တွင် ရာသီပေါ် ပေါ်ဦးပေါ်ဖျား ကြက်ပေါင်သီးများ ဈေးကောင်းရကြောင်း သိရသည်။

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ပလိန်ကျေးရွာအုပ်စု သုတပညာ စာကြည့်တိုက်သစ်ဖွင့်လှစ်

လာမည့်နိုဝင်ဘာ(၇)ရက်တွင်ကျရောက်မည့် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ် နောင်ပလိန်ကျေးရွာအုပ်စု၊ သုတပညာစာကြည့်တိုက်သစ်ဖွင့်ပွဲကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ကျင်းပသည်။

မြဝတီမြို့ရှိ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၌ Camnridge(IGCSE) Course, Singapore Math Level(3) 3A & 3B ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ကျောင်းသား/ကျောင်းသူ လေးများအား နိုင်ငံတကာအခြေခံ သင်္ချာစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ Cambridge(IGCSE) Course, Singapore Math Level(3) 3A & 3B ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန်က ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်