ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်၍ ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။