ကရင်ပြည်နယ်ဌာနဆိုင်ရာများစုပေါင်းကာ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ကုန်ပစ္စည်းများ ပေးအပ်
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့်စေတနာရှင်များ လှူဒါန်းသည့်စားသောက် ဖွယ်ရာများ ပေးအပ်သည့် အခမ်းအနားကို ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ စားသောက်ဖွယ်ရာ(၁၂)မျိုးပါ အထုပ် ၃၀၀၀ ကို ဝန်ထမ်းများကိုယ်တိုင် စိတ်အားထက်သန်စွာ ကြော်လှော်ချက်ပြုတ်ထုပ်ပိုး၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။