ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရှိ ရေဘေးသင့်အိမ်ထောင်စုများ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေလျှံတက်မှုများကြောင့် သံလွင်မြစ်ရေချိန်သည် စိုးရိမ်ရေအမှတ် (၇၅၀)စင်တီမီတာအထက်ကျော်လွန်ပြီး (၈၉၂) စင်တီမီတာသို့ရောက်ရှိခဲ့ရာ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင်နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများမှာ မြစ်ရေများနေအိမ်တွင်းသို့ ဝင်ရောက်မှုကြောင့် ဇူလိုင်လ ၂၆ရက်နေ့မှ စတင်၍ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။