မင်းတပ်မြို့၌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်ရေး လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး
မင်းတပ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများ နှင့်အညီ အသစ်ပြန်လည် ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ်များ ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။