တီးတိန်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထိုးနှံ
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကျန်းမာရေးဌာနဝန်ထမ်းများက အသက်(၉)နှစ်နှင့် (၁၀)နှစ်ကြား ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် အသက်(၅)နှစ်နှင့် (၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား DT ဆုံဆို့မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၁ ရက်နေ့က ဆောင်ရွက်ခဲ့သည်။