တွန်းဇံမြို့၌ သဘာဝမြေဆွေးပြုလုပ်နည်းနှင့် ဝဥစိုက်ပျိုးနည်း လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည် ထောက်ပံ့ရန်ပုံငွေ ရယူထားသော စိုက်ပျိုးရေးတောင်သူများအား သဘာဝမြေဆွေးပြု လုပ်နည်းနှင့် ဝဥစိုက်ပျိုးနည်း လက်တွေ့သရုပ်ပြခြင်းကို ခေါလိုင်/ဂိုးဇန်ရပ်ကွက်ရှိ စိုက်ပျိုးရေး ဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ခြံဝင်း၌ ဇန်နဝါရီ ၂၄ ရက် နံနက်(၁၀)နာရီ အချိန်ကပြုလုပ်သည်။