ဖလမ်းမြို့၌ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဆောင်းသီးနှံမြေပဲ (မကွေး-၁၁) မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးတောင်သူများထံ ဆောင်းသီးနှံ၊ မြေပဲ (မကွေး-၁၁) မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ ဖလမ်းရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးဝင်းဇော်လတ်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မိုးနိုင်နှင့် အဖွဲ့ဝင်များ တက်ရောက်ပြီး တောင်သူများ လက်ဝယ်အရောက် မျိုးစေ့များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။