ခိုင်ကမ်းမြို့ အမှတ်(၃) ဆည်ကြီးချောင်းအတွင်း ငါးသားပေါက် နှစ်သိန်းသုံးသောင်းအား ငါးမျိုးစိုက်ထည့်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဆည်ကြီးချောင်းအတွင်း ခိုင်ကမ်းမြို့ ငါးလုပ်ငန်းစခန်းမှ (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်အတွက် ငါးမြစ်ချင်းကောင်ရေ တစ်သိန်း သုံးသောင်းနှင့် ငါးခုံးမငါးသားပေါက်ကောင်ရေ တစ်သိန်း၊ စုစုပေါင်း ငါးမြစ်ချင်းနှင့် ငါးခုံးမ ငါးသားပေါက် နှစ်သိန်းသုံးသောင်း အား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားပြုကို ယမန်နေ့ နံနက် ၈ နာရီ အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။