ချင်းပြည်နယ်

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၉/၂၀၂၃)သို့ တက်ရောက်

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၃)ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပရာ အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ကျေးရွာများရှိ လူနေအိမ်၊ အဆောက်အဦများ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့မည့်ပစ္စည်းများရောက်ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် မေလ ၁၄ ရက်၊ ည ၇ နာရီအချိန်တွင် ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်၊ ဘာသာရေး အဆောက်အဦနှင့် ဌာနဆိုင်ရာအဆောက်အဦး များ ပျက်စီးမှုများအတွက် ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက ပေးပို့လာသည့် ကယ်ဆယ်ရေးပစ္စည်းများ သည် ဇွန်လ ၄ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ဖလမ်း မြို့၌ ရောက်ရှိလာကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၃−၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းနှင့် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေး

၂၀၂၃−၂၀၂၄ ပညာသင်နှစ်၊ ဟားခါးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တွင် ကျောင်းစတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာ ပညာသင်ကြားနေမှု ကို ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သွားရောက် ကြည့်ရှုအားပေးသည်။

ဖလမ်းမြို့၌ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ကျောင်းသားကျောင်းသူများပျော်ရွှင်စွာ ကျောင်းတက်ရောက်လျက်ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစ၍ ပြန်လည် ဖွင့်လှစ်လျက်ရှိရာ ကျောင်းသားကျောင်းသူများပျော်ရွှင်စွာတက် ရောက်လျက်ရှိကြကြောင်းသိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရရှိရေးအတွက် စူးစမ်းလေ့လာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရရှိရေးအတွက် စူးစမ်းလေ့လာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၃) သို့ တက်ရောက်

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၈/၂၀၂၃) ကို မေလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးမောင်မောင်ဆန်းနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။

တီးတိန်မြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အထက-၁တီတီးတိန်မြို့၌ မြို့နယ်အဆင့် ကျောင်းအပ် နှံရေး အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ဝင်းကိုကို တီးတိန်မြို့၌ သဘာဝဘေးသင့်ပြည်သူများအား တတိယအကြိမ် ထောက်ပံ့ပစ္စည်းများပေးအပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ တီးတိန်ခရိုင် သဘာဝဘေး ပြန်လည်ထူထောင်ရေး တာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး အမှတ် (၂၆၉) ခြေလျင်တပ်ရင်းခန်းမ တွင်‌ မေ ၃၀ ရက် မွန်းလွဲ ၂ နာရီက တီးတိန်မြို့ သဘာဝဘေးသင့်ပြည်သူများအား တတတိယအကြိမ် ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲပြုလုပ်သည်။

တွန်းဇံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းအပ်နှံမှုများအား ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ် တွန်းဇံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ‌ရေးသီတင်းပတ်အတွင်း အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှုများကွင်းဆင်းကြည့်ရှု့ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်၍ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က တုန်းတွောင်ကျေးရွာအုပ်စု၊ တုန်းတွောင်ကျေးရွာ အလယ်တန်းကျောင်း၊ ပိုးစာခြံမူလတန်းကျောင်းနှင့် ခေါလိုင်အလယ်တန်းကျောင်းခွဲများသို့ ကျောင်းအပ်နှံမှု၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံများထောက်ပံ့မှုအခြေအနေများကို ကွင်းဆင်းစစ်‌ဆေးခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ မြို့မပရိယတ္တိစာသင်တိုက်ဝန်းအတွင်း၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
Subscribe to ချင်းပြည်နယ်