ချင်းပြည်နယ်

“ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

ဟားခါးမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီ အဖွဲ့ဝင်များ၊ ပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပူဇော်ခြင်းအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၁၃၈၄ ခုနှစ် ၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ၁၃၈၅ ခုနှစ်၊ မြန်မာ နှစ်ဆန်း( ၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပူဇော်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့၊ (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့၊ (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ အခမ်းအနားများ ကျင်းပခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကား ပြောကြားသည်။

ဟားခါးမြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ချင်းပြည်နယ်၊ ဟားခါးမြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ အထိမ်းအမှတ် အခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးအဖွဲ့ရုံး၊  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင် တက်ရောက် အမှာစကား ပြောကြားသည်။

ဖလမ်းမြို့၌ပြည်သူများစိတ်အပန်းဖြေအနားယူနိုင်ရေးရှုခင်းသာ(View Point )ဖွင့်လှစ်ထား

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူများစိတ်အပန်းဖြေအနားယူနိုင်ရေး ရှုခင်းသာ(View Point )ကို မတ်လမှစတင်၍ဖွင့်လှစ်ထားကြောင်းသိရသည်။

ဟားခါးမြို့၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ စတင်ဖြေဆို

ချင်းပြည်နယ်၊ ဟားခါးမြို့ အမှတ် ( ၁ ) အခြေပညာအထက်တန်းကျောင်းတွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက စတင်ကျင်းပရာ တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာစာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရ သည်။

တီးတိန်မြို့၌၂၀၂၃ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအေးချမ်းစွာဖြေဆို

ချင်းပြည်နယ် တီးတိန်မြို့၌ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (၁) တီးတိန်စာစစ်ဌာနတွင် ယမန်နေ့ကမြန်မာစာကို အေးချမ်းစွာစတင်ဖြေဆိုကြသည်။ တီးတိန်စာစစ်ဌာန၌ ဖြေဆိုသူ(၃၆၅)ဦးရှိ‌ကြောင်း သိရသည်။

ဖလမ်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ယမန်နေ့ နံနက် ၉ နာရီမှစ တင်၍ ဖလမ်းမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း စာစစ်ဌာနတွင် အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တွန်းဇံမြို့နယ်အတွင်း စာစစ်ဌာနနှစ်ခုမှ တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်မြန်မာစာ ဘာသာရပ် စတင်ဖြေဆို

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို  အ.ထ.က တွန်းဇံစာစစ်ဌာနနှင့် အ.ထ.က ကျီခါးစာစစ်ဌာနတို့တွင် ပထမရက် မြန်မာစာ ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်