ချင်းပြည်နယ်

တီးတိန်၌ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲ ပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို အထက(၁)တီးတိန် စံကိုက်ညီကျောင်းဆောင်တွင် ဇန်နဝါရီ ၁၈ရက်နေ့ နံနက်၁ဝနာရီက ပြုလုပ်သည်။

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဟားခါးမြို့၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

ဟားခါးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပသည်။

ဟားခါးမြို့၌ မြေပြင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင် ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးမြို့၌ မြေပြင်လူဦးရေးစာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက ချင်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က ကြည့်ရှုစစ်ဆေးသည်။

ပလက်ဝမြို့နယ်ရှိ ကျေးရွာများမှ တိုက်ပွဲရှောင် ပြည်သူများအား နေရပ်ပြန်လည်စေလွှတ်သည့် အခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ ပလက်ဝခရိုင်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ များအား နေရပ်ပြန်လည်စေလွှတ်သည့်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကီမိုအစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၃ ခုနှစ် ၊ ( ၇၅ ) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၂ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့ရှိ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။

ရေခဲသတ္တာ ပလပ်ခုံအပူလွန်ကဲရာမှ လူနေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွား

ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ စျေးသစ်ရပ်ကွက်တွင် ဇန်နဝါရီလ ၁၀ ရက် နံနက် ၁ နာရီ ၂၀ မိနစ်ခန့်က ရေခဲသတ္တာပလပ်ခုံအပူလွန်ကဲရာမှ လူနေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန် စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲပြုလုပ်

ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများက ယမန့် နေ့လည် (၁)နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ဟားခါးမြို့၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူမှုများ ဆက်လက်ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးမြို့၌ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့မှစတင်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်