ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မတူပီမြို့ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်မှာကြား
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်အဖွဲ့သည် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက တပ်မတော် ရဟတ်ယာဉ်ဖြင့် မတူပီမြို့သို့ ရောက်ရှိကြပြီး နယ်မြေခံတပ်နယ်ရှိ နတ်မတောင်ရိပ်သာခန်းမ၌ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မြို့မိမြို့ဖများ ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။