ချင်းပြည်နယ်

ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ အမျိုးသား ဘောလီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံအမျိုးသား ဘော်လီဘောပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်၊ မိုးလုံလေလုံအားကစားရုံ၌ကျင်းပရာ

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချင်းပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုအလှယာဉ်နှင့် ဂုဏ်ပြုအကအဖွဲ့ ဂုဏ်ပြုဖျော်ဖြေနိုင်ရေး (ပထမအကြိမ်) လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချင်းပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုအလှယာဥ်နှင့် ဂုဏ်ပြု အကအဖွဲ့ ဂုဏ်ပြုဖျော်ဖြေနိုင်ရေး ပထမအကြိမ် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တီးတိန်မြို့၌ ဒေသခံပြည်သူများအား အခြေခံ စားသောက်ကုန် ပစ္စည်းများသက်သာသော ဈေးနှုန်းဖြင့်ရောင်းချ

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစားသောက်ရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်တီးတိန်မြို့ ရှိပြည်သူလူထုအား အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှန်းသက်သာစွာဖြင့် ယနေ့နံနက် ၈နာရီမှ စတင်၍ နေ့လယ် ၁၁ နာရီထိ စကောလမ်း လမ်းရပ်ကွက်ကမ်းဟောက်ခန်းမ၌ ရောင်းချကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ရဲတပ်ဖွဲ့ဝင်များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားနှင့် ချင်းပြည်နယ်လူငယ်ရေးရာ လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးတက်ရောက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု များအတွက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့မ ရဲစခန်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာ စကားပြောကြားသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့မှတီးတိန်မြို့ မြို့မ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်း၌ လှူဖွယ်ဝတ္ထုများလှူဒါန်း

ချင်းပြည်နယ်တီးတိန်မြို့၌ ချင်းပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသောလှူဖွယ် ဝတ္ထုများအား လှူဒါန်းပွဲကိုမြို့မရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာ ဗဟိုပြုကျောင်းတွင် ၁၀-၉-၂၀၂၂ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်

ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးတွင် အခြေခံအကျဆုံးမှာ နှာခေါင်းစည်း (Mask) များ တပ်ဆင်အသုံးပြုခြင်းဖြစ်ရာ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ၊ Mask Campaign များပြုလုပ်ခြင်းနှင့် ကိုဗစ်−၁၉ ရောဂါအသိပညာပေးလုပ်ငန်းများကို ချင်းပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးတွင် အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိသည်။

ဟားခါးမြို့တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကြည့်ရှုအားပေး

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံး နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များဖြစ် သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥ၊ ဝက်သားနှင့် ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက် ကုန်များကို ယမန်နေ့ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်ရှိ စုပေါင်းရုံးရှေ့၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများမှ ဝယ်ယူလျက်ရှိကြကြောင်း သိရသည်။

ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်ညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂)သို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်

ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂) ကို စက်တင်ဘာလ ၈ ရက် ညနေ ၃ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကား ပြောကြားသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကုန်စျေးနှုန်းသက်သာချောင်ချိစွာဝယ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁ /၂၀၂၂) သို့ တက်ရောက်

ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် အခြေခံစားကုန်များ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

မင်းတပ်မြို့၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ဝါဆိုဝါကပ်တော်မူကြသော သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင် ဆရာလေးများအား ချင်းပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိသော လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်း၌ ကျင်းပသည်။
Subscribe to ချင်းပြည်နယ်