ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ်များတွင် တိရစ္ဆာန်အစာပင် နေဗီယာ ၂ ဒသမ ၅၀ ဧက စိုက်ပျိုး
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ်များတွင် ဇွန်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် တိရစ္ဆာန်စာပင် နေဗီယာ စိုက်ပျိုးကြကြောင်း သိရသည်။