၂၀၂၂ ခုနှစ် မိုးရာသီအကြို နှစ်ရှည်သီးနှံပျိုးပင်များနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်
ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးလှုပ်ရှားမှုအဖြစ် ၂၀၂၂ ခုနှစ် မိုးရာသီအကြို နှစ်ရှည်သီးနှံပျိုးပင်များနှင့် ဟင်းသီး ဟင်းရွက်မျိုးစေ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက ဟားခါးမြို့၊ ကျောဘုတ် ဥယျာဉ်ခြံ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်ပြီး ဂုဏ်ပြုအမှာ စကား ပြောကြားသည်။