ချင်းပြည်နယ်

ပလက်ဝမြို့တွင် တစ်နေ့လျှင် 40 Litter Oxygen Cylinder အလုံး (၂၀) ဖြည့်တင်းနိုင်မည့် Oxygen Plant စက်ရုံဖွင့်ပွဲ အခမ်းအနားပြုလုပ်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲက တစ်နေ့ လျှင် 40 Litter Cylinder အလုံး ၂၀ ဖြည့်တင်းနိုင်မည့် Oxygen Plant စက်ရုံ ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း အခမ်းအနားကို အဆိုပါ စက်ရုံရှေ့၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ရပ်မိရပ်ဖ ဦးဇာနည်နှင့် Oxygen Plant စက်ရုံ ဖြစ်မြောက်ရေးကော်မတီဝင် ဒေါ်ညိုတို့က Oxygen Plant စက်ရုံ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စက်ရုံဆိုင်းဘုတ်အား ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တပ်မမှူးတို့က အမွှေးနံ့သာရည် ပတ်ဖြန်းပေးကာ အမှတ်တရ သစ်ပင်များ စိုက်ပျိုးကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟားခါးမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှံသည့် ဒုတိယမြောက်နေ့အထိ First Dose ၁၆၈ ဦး၊ Second Dose ၂၀၆ ဦး လာရောက်ထိုးနှံ

ဟားခါးမြို့ရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသည့် ဒုတိယမြောက်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ First Dose ၁၆၈ ဦး၊ Second Dose ၂၀၆ ဦး၊ ပေါင်း ၃၇၄ ဦး လာရောက်ထိုးနှံကြကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့တက်ရောက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည် နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများ တွေ့ဆုံပွဲသို့တက်ရောက်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက ဟားခါးမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟားခါးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကလေးများ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

ချင်းပြည်နယ်၊ ဟားခါးခရိုင် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယမန်နေ့ ရက်နေ့ မွန်းတည့် ၁၂ နာရီက ကလေးများ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်သည်။

ဟားခါးမြို့တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ဟားခါးမြို့ရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့မှစ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုသောအားဖြင့် ဟားခါးတပ်နယ်တွင် စာကြည့်တိုက်ဖွင့်ပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်ဗျူဟာ အဖွဲ့ (အခြေချ) (ဟားခါး) စာကြည့်တိုက်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပ သည်။

တီးတိန်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးများဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ တီးတိန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိနးချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ထိန်းချုပ်ရေးများ ယမန်နေ့က ဆောင်ရွက်ပြုလုပ်ကြောင်း သိရသည်။

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ချင်းပြည်နယ်