ဟားခါးမြို့၌ အခြေခံပညာ အလယ်တန်း/အထက်တန်း ကျောင်းသား/သူများကို ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည်
ချင်းပြည်နယ်၊ ဟားခါးမြို့၌ အခြေခံပညာအလယ်တန်း/အထက်တန်းကျောင်းသား၊ကျောင်း သူများအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံ ပညာ အထက်တန်းကျောင်းတို့တွင် ဆေးထိုးစုရပ် သုံးနေရာခွဲ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။