ချင်းပြည်နယ်

ဖလမ်းမြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အသိပေးခြင်း နှိုးဆော်

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံရန် အသိပေးခြင်းနှိုးဆော်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဖလမ်းမြို့ပေါ် ဗလိုင်ရပ်ကွက်နှင့် ဖါရ်ထောက်ရပ်ကွက်များသို့ လှည့်လည်နှိုးဆော်ဆောင်ရွက်ကြောင်း သိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါရှိ/မရှိ ဈေးဆိုင်များအရောက် ကွင်းဆင်း စစ်ဆေးပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းကျဆင်းရေးအတွက် ပြည်သူ လူထုထံအရောက် ကွင်းဆင်းသွားရောက်ပြီး ကိုဗစ်-၁၉ရောဂါရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို နိုဝင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီကဖလမ်းမြို့ပေါ် ရပ်ကွက်များတွင် ကွင်းဆင်း စစ်ဆေးဆောင် ရွက်ပေးကြောင်း သိရသည်။

ဟားခါးမြို့တွင် အုပ်စု(B)အဖြစ် သတ်မှတ်ခြင်းခံရသူများအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု ကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကြည့်ရှုအားပေး

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အုပ်စု(B)အဖြစ် သတ်မှတ်ခြင်းခံရသူများအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုကို ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် က သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၁ ဦး ထပ်မံတွေ့ရှိ ၁ ဦး ပြန်လည်ကျန်းမာလာ

ဟားခါးမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၁ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသူများအနက် ၁ ဦး ပြန်လည်ကျန်းမာလာကြောင်း သိရသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်မှုကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက် လူစည်ကားသည့်နေရာများတွင် အသံချဲ့စက်ဖြင့် စဉ်ဆက်မပြတ် အသိပေးဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

ဟားခါးတက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင်ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်တွင် အသစ်ခန့်အပ်ထားသော နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင်ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့  နံနက် ၉ နာရီက ဟားခါးတက္ကသိုလ် ဘက်စုံသုံးခန်းမဆောင်၌ ကျင်းပကြောင်း သိရသည်။

ဟားခါးမြို့၌ သံသယရှိသူ ၃၆ ဦး Test Kit ဖြင့် စစ်ဆေးရာ ၆ ဦးတွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဟားခါးမြို့၌ ယမန်နေ့တွင် သံသယရှိသူ ၃၆ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၆ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးငွန်ဆန်းအောင် ၂၀၂၁ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် ဆက်ကပ် လှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကား ပြောကြားသည်။

ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ်   ၂ ဦး ထပ်မံတွေ့ရှိ၊ ၈ ဦး ပြန်လည် ကျန်းမာလာ

ဟားခါးမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၈ ဦး ပြန်လည်ကျန်းမာ လာကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်