ချင်းပြည်နယ်

တွန်းဇံမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကာကွယ်ဆေး ထိုးနှံနိုင်မည့် စာရင်းကောက်ယူလျက်ရှိ

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက်ရှိသူ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်မည့် စာရင်းကို မြို့နယ်ပညာရေးမှူးရုံး၌ အောက်တိုဘာလ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ စာရင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါပိုး(၁)ဦးတွင် ထပ်မံတွေ့ရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် သံသယလူနာများအား ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါရှိ/ မရှိကျန်းမာရေးဝန်ထမ်းများက ယမန်နေ့တွင် (၅)ဦးအား စစ်ဆေးရာ ရောဂါပိုးတွေ့ရှိရသူ (၁)ဦးရှိကြောင်း ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ကုသမှုခံယူသူလူနာ(၅)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

တွန်းဇံမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအားကာကွယ်ဆေး ထိုးနှံပေးနိုင်မည့် ​​​​​​​စာရင်း ကောက်ယူလျက်ရှိ

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ရှိသူကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်မည့် စာရင်းကို မြို့နယ်ပညာရေးမှူးရုံး၌ အောက်တိုဘာလ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

တီတိန်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများ လျာထားစာရင်း ကောက်ယူ

ချင်းပြည်နယ်၊ တီးတိန်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် အထက်တန်းအဆင့်နှင့် အလယ်တန်းဆင့်တွင် တက်ရောက်မည့် ကျောင်းသား/ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရမည့် စာရင်းကို ပညာရေးဌာနက ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ၉ ဦးထပ်မံ‌တွေ့ရှိ၊ ၁ ဦး သေဆုံး၊ ၅ ဦး ပြန်လည်ကျန်းမာလာ

ဟားခါးမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၉ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၁ ဦးသေဆုံးကာ ၅ ဦး ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။  

ချင်းပြည်နယ်၊ ဟားခါးမြို့အား Lock down သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်တက်ရောက်

ချင်းပြည်နယ်၊ ဟားခါးမြို့အား ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းကျဆင်းလာရေးအတွက် Lock down သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အသင်းတော် အသီးသီးမှ သိက္ခာတော်ရ ဆရာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရေးအမည်စာရင်းပေးသွင်းရန်အသိ ပေးနှိုးဆော်

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်း သား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအမည်စာရင်း ပေးသွင်းကြရန် အသိပေးနှိုးဆော်ခြင်းကို ယနေ့ တွင်ဘ ဖလမ်းမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ကြောင်း သိရသည်။

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေးသို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူ၆၅ ဦးတို့အား ရောဂါစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ ၂ ဦးရှိ

ချင်းပြည်နယ်၊ရိခေါ်ဒါရ်မြို့ကျန်းမာရေးဌာနနှင့်ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊Volunteerအဖွဲ့များပူးပေါင်းပြီးမြို့ပေါ်ရပ်ကွက်အတွင်းကိုဗစ်-၁၉ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးမှုကို အောက်တိုဘာ ၁၁ ရက်၌ ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၂ ဦးရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ကြိုက်စျေးမရသော်လည်း စျေးကွက်မပျက်သော ငှက်ပျော

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ထင်းဇင်ရွာသစ်ကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးသည်သာ ဒေသခံများအတွက်အ ဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သည်။ ကျန်သည့်ဥယာဉ် ခြံမြေစိုက်ပျိုးခြင်းကို စီးပွားဖြစ်လုပ်ကိုင်သူ မရှိသလောက်သာဖြစ်သည်။
Subscribe to ချင်းပြည်နယ်