ဟားခါးမြို့၌ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးနေမှုအားချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကြည့်ရှုအားပေး
ချင်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ ဟားခါးမြို့ ဗိုလ်တိုက်ချွန်းခန်းမနှင့် ခိုင်ကမ်းအား ကစားရုံတို့တွင် ဆေးထိုးစုရပ်နှစ်နေရာခွဲ၍ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။