ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်အထက် သက်ကြီးပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအပါအဝင် ကာကွယ်ဆေးထိုးနှံသူ (၂၀၀)ဦးရှိ
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ အသက် (၆၅)နှစ်အထက် သက်ကြီးပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအပါအဝင် ဦးစားပေးအစီအစဉ်၌ ပါဝင်သူ များအား သြဂုတ် ၉ ရက်မှ ၁၁ ရက်အထိ ၃ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးလာရောက် ထိုးနှံသူ (၂၀၀)ဦးရှိကြောင်း သိရသည်။