မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှု

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်ပိုင်းက ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှုဖူးမြှော်ခဲ့ကြသည်။

သထုံမြို့နယ်၌ ‌နွေရာသီ အ‌ခြေခံပန်းချီနှင့် ဂီတသင်တန်း အခမဲ့ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ‌ကြေးသွန်းဘုရား၀င်းအတွင်း၌ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး အခြေခံပန်းချီရေးဆွဲနည်းနှင့် ဂီတသင်တန်းတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက စတင်ကာ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်၌ စာစစ်ဌာနအနီး နေအိမ်များ မီးဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်‌

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိ၍ စာစစ်ဌာနများ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ အောင်သာယာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအနီးရှိ နေအိမ်များအား ယ​နေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေးစစ်ဆေးသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင် ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှု

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင် ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှုဖူးမြှော်ပြီး ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဆံတော်ရှင် ကျိုက်မုနိုင်းစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကာ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် လှည့်လှည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပေါင်မြို့နယ်၌ ဖူးစားပြောင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ကျေးရွာများတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများအဆင်ပြေလျက်ရှိသည်။

ပေါင်မြို့နယ်(အထက) ဇင်းကျိုက်‌ကျောင်း၌ ဒသမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အထက) ဇင်းကျိုက်ကျောင်း၌ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဒသမအကြိမ်မြောက်  မြတ်ဆရာပူဇော်ပွဲအား ကျင်းပခဲ့သည်။

သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကမ်းခြေ၌ အနယ်နယ်အရပ်ရပ်မှ အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ် စက်စဲကမ်း​ခြေ၌ အနယ်နယ်အရပ်ရပ်မှ အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ကျိုက်ထိုမြို့နယ် မြို့မကံ့‌ကော်မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းဘွဲ့နှင်းသဘင်နှင့် စုံညီပွဲတော် အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြို့မကံ့ကော်မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းဘွဲ့နှင်းသဘင်နှင့် စုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် နေကြာမျိုး ရွေးချယ်မြှင့်တင်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာစိုက်ပျိုး ထုတ်လုပ်မှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ၂ဝ၂၅-၂ဝ၂၆ခုနှစ်၊ နေကြာမျိုးရွေးချယ်မြှင့်တင်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၈) နာရီက ကော့မုပွန် ကျေးရွာကွင်းအမှတ် (၆၃၇)ရှိ တောင်သူ ဦးထွန်းခင်၏ နေကြာနှင့် ဆီထွက်သီးနှံ စိုက်ခင်း၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ (Walk For Peace) နှင့်အတူ သထုံမြို့မှပြည်သူများ သုံးနာရီကြာ အသံမစဲမေတ္တာပို့ ပူဇော်ပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံဆရာ‌တော်ကြီးများ၏ ဩဝါဒကိုခံယူ၍ မြို့နယ်သံဃာ့နာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ (Walk For Peace) နှင့်အတူ သထုံမြို့ခံပြည်သူများမှ သုံးနာရီကြာ အသံမစဲမေတ္တာပို့ ပူဇော်ပွဲကို ယမန်နေ့ နံနက် ၄ နာရီအချိန်မှစတင်ကာ လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ပြုလုပ်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်