မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက် ဓမ္မဇာလကျောင်းတော်၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက် ဓမ္မဇာလကျောင်းတော်မှ ကြီးမှူးကျင်းပပြုလုပ်သော ပြည်နယ်အတွင်း စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဥ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။