ချောင်းဆုံမြို့နယ်၌ မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာ ရပ်ကွက် (၅) တွင် ဇန်နဝါရီလ (၁၂) ရက်နေ့ ည (၇) နာရီခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် (၇) စီး နှင့် ရေသယ်ယာဉ် (၄) စီးတို့ဖြင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့သည့်အတွက် ည ၇ နာရီ ၃၅မိနစ်အချိန်တွင် လုံးဝမီးငြှိမ်းသွားကြောင်း သိရသည်။