ရသေ့တောင်မြို့၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးတို့တွင် ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်ကား
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ယနေ့နံနက်ပိုင်းက အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၊ စေတီယဂ်ဏဘုန်းကျောင်းတိုက်နှင့် အခြားသော ဘုန်းတော်ကြီးကျောင်းတိုက်တို့တွင် ဥပုသ်သီလ ခံယူဆောက်တည်သူများ၊ လှူဒါန်း ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်းကားလျက်ရှိပြီး အမျိုးသမီးဝတ်ရွတ်အသင်းများမှ အဘိဓမ္မာရွတ်ဖတ်ပူဇော်လျက်ရှိသည်။