ဘက်စုံပညာ ထူးချွန်သော ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံလူမျိုးအတွက်အားကိုးအားထားပြုရသော မျိုးဆက်သစ် ခေါင်းဆောင်များ ဖြစ်ပေါ်စေရေး ပြုစုပျိုးထောင်
ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ဩဂုတ် ၂၀ ရက်က ကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ် ပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် အဖွဲ့ဝင်များ တက်ရောက်သည်။