ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရား၌ စတီးလှေကားနှင့် ထီးဖြူတော်(၂)လက် တပ်ဆင်လှူဒါန်းပြီးစီးခြင်း ရေစက်ချမင်္ဂလာအခမ်းအနား၊ ဥပ္ပါတသန္တိ ပရိတ်တော် ရွက်ဖတ်ပူဇော်ပွဲ အခမ်းအနား တက်ရောက်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၌ စတီးလှေကားနှင့် ထီးဖြူတော်(၂) လက် တပ်ဆင်လှူဒါန်းပြီးစီးခြင်း ရေစက်ချမင်္ဂလာအခမ်းအနားနှင့် ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ ဥပ္ပါတသန္တိပရိတ်တော် ရွက်ဖတ်ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။