ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝန်ထမ်းများသို့ သက်သာသော ဈေးနှုန်းဖြင့် အခြေခံစားကုန်များ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေး
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝန်ထမ်းများသို့ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များ ရောင်းချပေးနေမှုကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြသည်။