ရှမ်းပြည်နယ်

ကျောက်မဲခရိုင်၌ ပလတ်စတစ်အသုံးပြုမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဧပြီ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်၌ ပလတ်စတစ်အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် အန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။

ကလောမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများတွေ့ဆုံပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၊ မြို့နယ်ခန်းမတွင် ယမန်နေ့ မွန်းလွှဲ ၂ နာရီက လွှတ်တော်ကိုယ်စားလှယ်များနှင့်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးများ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြိုနယ် တော်ဝင်မိုင်းယောင်းဆန်စက်၌ ယနေ့နံနက်ပိုင်းက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပသည်။

တာချီလိတ်မြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အိမ်တိုင်ရာရောက် ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် အိမ်တိုင်ရာရောက် Biometric Data ကောက်ယူ၍ UID (Unique Identity) ကတ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြတ်လေးလမ်းရှိ အမှတ်(၁/၈၅) ကွင်းဆင်းဆောင်ရွက်ပေးသည်။

ကျိုင်းတုံမြို့၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့က စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဧပြီ ၂၄ ရက် မွန်းလွဲ ၂ နာရီက ကျင်းပသည်။

လဲချားမြို့တွင် အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုံတိုက်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ (၃) နာရီခွဲအချိန်က ခလရ (၁၄၉) တပ်ရင်းတွင် ဆောင်ရွက်သည်။

မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ ရက် (၁၀၀) စီမံကိန်းအခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပွေးပြတ်ကျေးရွာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နိုင်ငံတော်၏ ရက် (၁၀၀) စီမံကိန်း လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရက်(၁၀၀)စီမံချက်ဖြင့် လွိုင်လင်မြို့ရှိ နွားမွေးမြူရေးခြံများတွင် ကာကွယ်ဆေးထိုးနှံပေး

နိုင်ငံတော်အစိုးရသစ်၏ရက်(၁၀၀)စီမံချက်ဖြင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လွိုင်လင်ခရိုင် ဦးစီးမှူး ဒေါက်တာအောင်ဆန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် လွိုင်လင်မြို့ရှိ နွားမွေးမြူရေးခြံများ၌ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုးသတ်ဆေးနှင့်အားဆေးများကိုအခမဲ့ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
Subscribe to ရှမ်းပြည်နယ်