ရှမ်းပြည်နယ်

တောင်ကြီးမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ရေကစားသူများနှင့်ကုသိုလ်ပြုသူများ စည်ကားများပြား

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်တွင် တောင်ကြီးမြို့ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ၌  ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ  လာရောက်ရေ ကစားသူများ စည်ကားများပြားလျက်ရှိသည်။ မဟာသင်္ကြန် အတက်နေ့တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကိုဖော်ညွှန်းသည့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်အစရှိသည့် သင်္ကြန်မဏ္ဍပ်များ၌ ပါဝင်ဆင်နွှဲကြသည့်အပြင် ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများ၊ကုသိုလ်ယူသူများဖြင့် စည်ကား လျက်ရှိသည်။

ရပ်စောက်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် အတက်နေ့ ရေပက်ကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းဖြင့် ဆင်နွှဲ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ရေပတ်ကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းကို ‌ယနေ့နံနက်ပိုင်းက ရပ်စောက်-ရွှေညောင် မိန်းလမ်းမကြီး၊ ရဿဝတီခန်းမရှေ့ဗဟိုမဏ္ဍပ်၌  စည်ကားစွာဆက်လက်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ကလောမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အတက်နေ့ ရေကစားသူများဖြင့် စည်ကား

ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောခရိုင်၊ က‌လောမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အတက်နေ့တွင် ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဥ်များနှင့် ရပ်နီးရပ်ဝေးမှ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပင်လုံမြို့တွင် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် အတက်နေ့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် သင်္ကြန်အတက်နေ့၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ယိမ်းအကအဖွဲ့များ၏ သင်္ကြန်အကများ၊ သင်္ကြန်သီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ DJ အကများဖြင့် ဖျော်ဖြေဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် နှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ သင်္ကြန်ပွဲတော်ပါဝင်ဆင်နွှဲလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သင်္ကြန်အတက်နေ့၌ အမှတ် (၂) ရပ်ကွက်၊ မြို့နယ်ခန်းမရှေ့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ယိမ်းအကအဖွဲ့များ၏ သင်္ကြန်အကများ၊ သင်္ကြန်သီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ DJ အကများနှင့် အလှူရှင်များ၊ဌာနဆိုင်ရာများ၏ စတုဒီသာကျွေးမွေး ဧည့်ခံမှုများဖြင့် ဖျော်ဖြေဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ဖယ်ခုံမြို့၌ သင်္ကြန်အတက်နေ့၌ ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်တွင် ရေကစားသူများဖြင့် စည်ကား

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်အတက်နေ့တွင် ဖယ်ခုံမြို့ နန်းဟူးရပ်ကွက်၊ ပြည်ထောင်စုလမ်းမရှိ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ ရေကစားသူများက ပျော်ရွှင်စွာ ပါဝင်လျက်ရှိသည်။

နောင်ချိုမြို့နယ်၌ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်အတက်နေ့ ဆက်လက်ဆင်နွှဲ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၁၃၈၇ ခုနှစ်မဟာသင်္ကြန် အတက်နေ့တွင် ဗဟိုမဏ္ဍပ်၌ ကပြဖျော်ဖြေသူများ၊ လာရောက်ကြည့်ရှု့သူ ပရိသတ်များဖြင့် ရေဘဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ သင်္ကြန်အတက်နေ့တွင် စည်ကား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့က ကုသိုလ်ကောင်းမှုပြုသူများ၊ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့၌ အတာသင်္ကြန် ယခင်နှစ်များထက် ထူးခြားစွာ ပိုမိုစည်ကား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကျနေ့တွင် မြို့အနှံ့အပြား၌ ရေပက်ခံထွက်သူများနှင့် လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။

အင်းလေးရေပေါ်သင်္ကြန် မဟာသင်္ကြန်အကြတ်နေ့၌ ရေကစားသူများ၊ ခရီးသွားဧည့်သည်များဖြင့် စည်ကား

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးရေပေါ်သင်္ကြန်တွင် မဟာသင်္ကြန်အကြတ်နေ့၌ ခရီးသွားဧည့်သည်များ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်