မိုင်းတုံမြို့၌ (DM Summer cup) အမျိုးသားအလွတ်တန်းကလပ် ပေါင်းစုံဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မအားကစားကွင်း၌ ယမန်နေ့ညနေ(၃)ခွဲက (DM Summer cup) အမျိုးသားအလွတ်တန်း ကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းထွန်း ကျော်နှင့်အဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများတက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။