ကာလိမြို့၌ ကွန်ပန်-ကွန်ခုံး အလွတ်တန်း ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်မြို့နယ်၊ ကာလိမြို့၌ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကွန်ပန်-ကွန်ခုံးအလွတ်တန်း ဖိတ်ခေါ် ဖလားဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ (၂၁) ရက်နေ့ မွန်းလွဲ(၂)နာရီက ကာလိမြို့ အမှတ် (၄) ရပ်ကွက် ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကွန်ဟိန်းမြို့နယ် မြို့အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။