ဆီဆိုင်မြို့တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချစေရေး ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေးအတွက် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။