ရှမ်းပြည်နယ်

ညောင်ရွှေမြို့၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများပြောင်းလဲကျင့်သုံးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

သီပေါမြို့နယ်တွင် အိမ်တွင်းလက်မှုပညာ (တစ်ချောင်းထိုး) သင်တန်း ဖွင့်လှစ်

အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အာရုံစူးစိုက်မှု အားကောင်း၍ ဉာဏ်ရည်ထက်မြက်လာစေရန်နှင့် အသုံးအဆောင်ပစ္စည်းများကိုယ်တိုင်ဖန်တီးပြုလုပ်တတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက အိမ်တွင်းလက်မှုပညာတစ်မျိုးဖြစ်သည့် တစ်ချောင်းထိုးနည်းဖြင့် ပန်း၊ အရုပ်၊ အိတ်ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ‌ဈေးကွက်ဝင်ကော်ဖီ ပျိုးထောင်စိုက်ပျိုးနည်း လက်တွေ့သရုပ်ပြစိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မိုးနဲမြို့နယ်၊ ကွန်နားကျေးရွာအုပ်စု၊ လွယ်လင်းကျေးရွာတွင် ဈေးကွက်ဝင်ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်စေရန်‌နှင့် ကော်ဖီစိုက်ဧရိယာများ တိုးတက်လာစေရန်အတွက် ကော်ဖီမျိုးဖြန့်ဝေခြင်း၊ ကော်ဖီပျိုးထောင်စိုက်ပျိုးနည်းစနစ်များပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်၌ မိသားစုဝင်ငွေတိုးစီမံကိန်းဖြင့်လုပ်ငန်း လုပ်ကိုင်နေသူများအား  တာဝန်ရှိသူများမှ နယ်လှည့်ကွင်းဆင်း ကြည့်ရှု

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မိသားစုဝင်ငွေတိုးစီမံကိန်းဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်း ထူ‌ထောင်လုပ်ကိုင်နေကြသူများအား မတ်လ ၁၆ ရက်နေ့တွင် တာဝန်ရှိသူများက နည်လှည့်ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး အခြေခံပညာအထက်တန်းကျောင်း(တာလေ)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာလေ)စာစစ်ဌာနတွင်၂၀၂၅-၂၀၂၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်အဖွဲ့သည် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမတွင် ကျင်းပသည်။

မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်း‌ယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မတ်လ ၁၆ ရက်နေ့က တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဲခေါင်-လန်ချန်းအစီအစဉ်ဖြင့်‌ ‌ဆောင်ရွက်သော ပဲပုပ်မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မဲခေါင်-လန်ချန်းအစီအစဉ်ဖြင့်‌‌ ဆောင်ရွက်သော ပဲပုပ်မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဌာနအစီအစဉ်ဖြင့် စိုက်ပျိုးထားသော စိုက်ခင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီရိတ်သိမ်းရတော့မည်ဖြစ်ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ ရာသီစာသံလွင်ရွက်နု (ဖတ်မန်း) ခူးချိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကဒူးကြီးကျေးရွာအုပ်စုရှိ ဒေသများနှင့် ဝမ်စလောင်းကျေးရွာအနီးအနားပတ်ဝန်းကျင်တစ်ဝိုက်ကျေးရွာများမှ ရာသီပေါ် သံလွင်ရွက် (ခေါ်) ရှမ်းအခေါ် (ဖတ်မန်း) ရွက်များ ရှာဖွေခူးဆွတ်ရောင်းချခြင်းဖြင့် လုပ်ကိုင်စားသောက်နေသည့်ပြည်သူများ မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း သံလွင်ရွက် (ဖတ်မန်း) ရွက် ခူးဆွတ်ရောင်းချသူများထံမှ သိရသည်။

ရပ်‌စောက်၌ လူငယ်များဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူငယ်များဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်