ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် အမှုထမ်းများအခြေခံ ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ တက်ရောက်
ရှမ်းပြည်နယ်(တောင်ပိုင်း) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။