ဖယ်ခုံမြို့၌ ပြည်သူများဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မဲစာရင်းကောက်ယူစစ်ဆေးခြင်းအား မြေပြင်ကွင်းဆင်း ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)ဖယ်ခုံမြို့၌ ပြည်သူများအား ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဖယ်ခုံမြို့ပေါ်ရှိ ရပ်ကွက် (၄)ရပ်ကွက်အား ဖယ်ခုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၁ နာရီတွင် မြေပြင်ကွင်းဆင်း၍ မဲစာရင်ကောက်ယူစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။