ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ခင်စန္ဒာအောင်၊ ဒုတိယပါမောက္ခချုပ်၊ ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။