လဲချားမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ နွေရာသီကာလတွင် လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။