မိုးနဲမြို့နယ်၌ ဆီမုန်ညှင်းစိုက်ခင်းများ စတင်ရိတ်သိမ်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်လျက်ရှိရာ ဆီထွက်သီးနှံဖြစ်သည့် ဆီမုန်ညှင်းစိုက်ခင်းများကို စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။