မိုးနဲမြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အတွက် ဆန္ဒမဲပေးခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက် ယနေ့နံနက် ၆ နာရီအချိန်မှ စတင်၍သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိမဲရုံအသီးသီးတွင် ပြုလုပ်လျက် ရှိရာ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။