ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ရှေးဟောင်းသမိုင်းဝင်နေရာများနှင့် အထင်ကရနေရာများအား ကြည့်ရှုစစ်ဆေး
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဇန်နဝါရီ ၁၉ ရက်က ကျိုင်းတုံမြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့ရောက်ရှိ၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ သာသနာရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်နယ်သာသနာရေးမှူးရုံးခွဲ(ရှမ်းအရှေ့)မှ ဒုတိယညွှန်ကြားရေးမှူးနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့က မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးသည်။